ခိုင်အောင်အောင်
ကုလသမဂ္ဂဌါနခွဲတခုဖြစ်တေ ယိုင်ကျေးမှုထိန်းသိမ်းရေ အေဂျင်စီ ယူနက်စကို (UNESCO) အဖွဲ့က ကမ္ဘာမှာ ပြောဆိုသုံးစွဲနိန်ကတ်တေ ဘာသာစကားပေါင်း ခြောက်ထောင်ထဲက သုံးပုံတပုံစွာ မျိုးတုံးဆိတ်သုဉ်း ပျောက်ကွယ် လားဖို့ အန္တရာယ်နန့် ရင်ဆိုင်နိန်ကတ်ရရေလို့ ထုတ်ဖော်ပြောဆိုလိုက်ပါရေ။ ဒေပိုင် အခြိမ်းခြောက်ခံနိန်ရရေ ဘာသာ စကားနှစ်ထောင်ကို မပျောက်ပျက်လားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အစိုးရပိုင်းဆိုင်ရာ တာဝန်ယူလုပ်ဆောင်မှုတိ ဟိဖို့လိုအပ်တေပိုင် လူတိကလေ့သူရို့ ဘာသာစကားတည်တံ့ကျန်နိန်စီဖို့ “ကိုယ့်ရို့ စကားကို ကိုယ်ရို့ ပြောကတ်ခြင်း” ကိုတန်ဖိုးထားဂုဏ်ယူကတ်ဖို့ အေယူနက်စကိုအဖွဲ့ချူပ်က တိုက်တွန်းလိုက်ပါရေ။
ဘာသာစကားတခုနိဂုံးချူပ်သီဆုံးလားတိုင်း တန်ဖိုးမဖြတ်နိုင်ရေ ဓလေ့ထုံးတမ်းစိုင်လာယိုင်ကျေးမှုအမွီအနှစ်တိ မျိုးဆက်တိနန့် ရင်းပနာ စုဆောင်းထိန်းသိမ်းလာကတ်တေ အသိပညာ ကဗျာစာပီဂီတ သမိုင်းရိုးရာ ဂန္တ၀င်အနုပညာ လက်ရာကောင်းတိ အားလုံးဆုံးရှုံးလားကတ်ရရေ လို့ ဒေအဖွဲ့ကြီးက ထောက်ပြ ပြောဆိုပါသိမ့်ရေ။ ၂၀၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ အလက်စကားပြည်နယ်၏မူရင်းဘာသာစကားကိုပြောတတ်တေ နောက်ဆုံးတယောက်တည်းရာ ကျန်ရေ အသက် ၈၉ နှစ် ၀ါကြီးမ အီးယာခ် (Eyak) ကွယ်လွန်လားရေခါ ဘာသာစကားလည်း ကပ်ပါလားခရပါရေ။
ဘာသာဗေဒပညာသျှင်အများစုက အဂုလက်ဟိ ကမ္ဘာ့ရွာထဲက ဘာသာစကား ခြောက်ထောင်မှာ အနည်းဆုံးတ၀က် လောက်က သက္ကရာဇ် ၂၀၅၀ မှာ ပျောက်ကွယ်သီဆုံးလားနိုင်ရေလို့ ခန့်မှန်းထားကတ်ပါရေ။ ဘာသာစကားတိ မျိုးတုံး ပျောက်ကွယ်ခြင်းရေ အယင်ခါထက်နှစ်ဆမြင့်ပါလတ်ပနာ အေပုံစံအတိုင်းရှိဆက်ပြီးကေလားနိန်ကေ အနာဂတ်ကမ္ဘာ မှာ တစ်ဒါဇင်နှစ်ဒါဇင်လောက်ဘာသာစကားတိကရာ လွှမ်းမိုးချူပ်ကိုင်ထားနိန်လီဖို့လို့ သုံးသပ်ကတ်ပါရေ။ အေချင့် ထက်ဆိုးရေ ပျက်စီးဆုံးရှုံးမှုနှုန်းမြင့်တက်လာခြင်းတိ ဖြစ်လာနိုင်ပနာ ၉၀ ရာခိုင်နှုန်းလောက် ဘာသာစကားတိ သက္ကရာဇ် ၂၁၀၀ မှာ မျိုးပြုန်းလားခြင်းတိ ဖြစ်လာနိုင်ရေ လို့ အကြံပြုထောက်ပြရေ ဘာသာဗေဒပညာသျှင်တိလေ့ ဟိပါသိမ့်ရေ။ ဒေပိုင် ကြုံတွိလာနိုင်ရေ ဘာသာစကားတိပျောက်ကွယ်လားနိန်ခြင်း အခြေအနေဆိုးကို တမျိုးတဖုံဖြစ် လားအောင်ပြောင်းလဲလာစီဖို့  လိမ်မာပြီးကေ ဥာဏ်အမြော်အမြင်ကြီးရေ သူရို့ ဘာသာစကားပျောက်ပျက်လားဖို့စွာကို စိုးရိမ်ရေ လူမျိုးတိက အဂုအချိန်ကပင်စပနာ ကိုယ်ပိုင်ဘာသာစကားကို ကျယ်ကျယ်ပြန့် ပြန့် ပြောဆိုသုံးစွဲခြင်းတိ ထိန်းသိမ်း စောင့် ရှောက်ဖွံ့ ဖြိုးတိုးတက်လာအောင်လုပ်ခြင်းတိကို ဆောင်ရွက်လားပြီးကေ အကောင်းဆုံးအဖြေရှာလား နိုင်ရေ ကိုယ်ရို့  ဘာသာစကားအန္တရာယ်ကျရောက်နိန်ခြင်းက ကာကွယ်လားသင့်ရေ လို့ ပညာသျှင်တိက တိုက်တွန်း ထားပါရေ။
ခိုင်မာသန်စွမ်းရေ ဘာသာစကားတခုကို အဓိပ္ပါယ်ဖွင့်ဆိုရဖို့ ဆိုကေ စကားပြောရေလူသစ်တိ စိုင်ဆက်မပြတ်ရဟိ နိန်ခြင်းပင် ဖြစ်ပါရေ။ လက်ဟိလူကြီးတိ ဇာလောက်ပင် ယင်းဘာသာစကားကို သုံးနိန်ကတ်ပတ်စီ ဒေဘာသာ စကားကို လက်ဆင့်ကမ်းပီးလားဖို့  မျိုးဆက်သစ်တိ မဟိကေ ဒေဘာသာစကား၏ကံကြမ္မာစွာ မှေးမှိန်ပနာ အရောင် နွမ်းလားဖို့ စွာ ကျိန်းသီနိန်ပါရေ။ နှစ်ပေါင်းထောင်နန့် ချီပြီးကေ ဘာသာစကားတခုတည်တံ့လာကေလေ့ ဒေနိန့် ကာလ မှာ အချေသူငယ်တိက ဒေဘာသာစကားသင်ယူခြင်းကို ရပ်ပစ်လိုက်စွာနန့်  အေဘာသာစကားနိဂုံးချူပ်လားဖို့ စွာပါ ဗျာလ်။
လူမျိုးတမျိုးဖြစ်ခြင်း၏ဂုဏ်အင်္ဂါလက္ခဏာရပ်ဖွံ့ ဖြိုးတိုးတက်လာခြင်းနန့်  ယိုင်ကျေးမှုထွန်းကားလာခြင်းတိကို ဘာသာစကားကရာ ပုံဖော်ပီးနိုင်ပါရေ။ လူမျိုးတမျိုးအဆင့်ဟိခြင်းကို ဘာသာစကားနန့် ရာ တိုင်းတာနိုင်ပါရေ။ ဘာသာ စကားပျောက်ကွယ်လားစွာနန့် လူမျိုးတမျိုးဖြစ်ခြင်း၏အနှစ်သာရတည်တံ့ရှင်သန်ခြင်းတိလည်းနိဂုံးချူပ်လားနိုင်ပါရေ။
ဘာသာစကားတခု လူမျိုးတမျိုး၏ပင်မသုံး ရုံးသုံးအနေအထားက ပျောက်ကွယ်လားပြီးခါမှ ယင်းလူမျိုး၏ကိုယ်ထူ ကိုယ်ထ ထိန်းသိမ်းမှုနန့်  ပြန်ပြီးကေ နိုင်ငံသုံးဘာသာစကားအဖြစ် အသက်ဝင်လာစွာတိလေ့ ဟိပါသိမ့်ရေ။ ပြန်ရှင် ပါလတ်တေ ဘာသာစကားတခုက အဂုအစ္စရေးနိုင်ငံသားဂျူးလူမျိုးတိ ပြောဆိုသုံးစွဲနိန်ကတ်တေ ခေတ်သစ် ဟီဘရူး (Hebrew) ဘာသာစကားပင် ဖြစ်ပါရေ။ ဒေဘာသာစကားက ရာစုနန့် ချီပနာ လူမျိုးသုံးနိုင်ငံသုံးဘာသာစကား အဆင့်က ပျောက်ကွယ်လားပြီးကေ ဘာသာရေးနန့်  ပညာရပ်ဆိုင်ရာ ဘာသာစကားအဖြစ် ကျန်ဟိနိန်ခပါရေ။ ယကေ လေ့ လားရေနိန်ရာ ရောက်တေအရပ်နန့် နိန်ထိုင်ရေ တိုင်းပြည်နိုင်ငံတိုင်းမှာ ဂျူးလူမျိုးအသိုင်းအ၀ိုင်းတိက သူရို့  ဘာသာ စကားကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လားပြီးကေ ၁၉ ရာစုနှောင်းပိုင်းမှာ ဒေ ဟီဘရူးဘာသာကို အယ်လီဇာ ဘမ် ယေဟူဒါ (Eliezer Ben-Yehuda) ၏ ဦးဆောင်မှုနန့်  ပါလက်စတိုင်းဒေသမှာ ပြန်ပနာ ဂျူးလူမျိုးတိပြောဆိုရေ စကားအဖြစ် မိတ်ဆက်အသက်သွင်းလာနိုင်ပြီးကေ အစ္စရေးနိုင်ငံထူထောင်လာရေခါ ကျောင်းတိမှာ သင်ကြားပို့ ချပနာ အဓိကပင်မ ဘုံရုံးသုံးဘာသာစကားတခုအဖြစ် ပြဌါန်းနိုင်ခစွာ အေနိန့် ထက်ထိ ပင်ဖြစ်ပါရေ။
ရခိုင်ရို့ ဘာသာစကားကလေ့သော့ ဒေနိန့် ကာလမှာ မျိုးတုံးပျောက်ကွယ်လားဖို့  စိုးရိမ်ရရေ အဆင့်ကိုရောက်ပါ လတ်ပါရေ။ နှစ်ပေါင်းထောင်နန့် ချီပနာတည်တံ့လာရေ ဒေရခိုင်ရို့ ဘာသာစကားစာပီနိဂုံးချူပ်လားစွာနန့် ရခိုင်လူမျိုး လေ့ ကမ္ဘာ့မြီပြင်ထက်က ပျောက်ကွယ်လားဖို့ စွာ ကျိန်းသီနိန်ပါရေ။ ကိုယ်ရို့ ဘာသာစကားစာပီ မပျောက်ပျက်လား အောင် ထိန်းသိမ်းစောင့်ရှောက်ရဖို့ စွာက ရခိုင်သားတိုင်း၏ မွီးရာပါ တာဝန်ဝတ္တရားတခု ဖြစ်ပါလတ်ပါရေ။ ရခိုင် စကား ကိုပြော ရခိုင်စာကိုရီးလို့  ရခိုင်ဖြစ်ခြင်းကိုဂုဏ်ယူကတ်ခါမှ အဘိုးအဖီးရို့ လက်ဆင့်ကမ်းပီးခရေ အမွီအနှစ်ကိုမြတ်မြတ်
နိုးနိုးတန်ဖိုးထားရာ ရောက်ပါဖို့ ။ နောက်လာနောက်သားမျိုးဆက်သစ်တိကိုလေ့ရခိုင်ရို့ ကိုယ်ပိုင် ယိုင်ကျေးမှု အစိုင်အ
လာကောင်းတိကို မျှဝီပီးလားနိုင်ဖို့  ကိုယ့်ရိုးရာစာပီကို မြှင့်တင်လားပနာ သမိုင်းပီးတာဝန်ကို ထမ်းဆောင် လားကတ် ပါမေ။ ။ ။
ခိုင်အောင်အောင်
၀၄၊ ၀၇၊ ၂၀၀၉
RakhaRoMa
Arakanese Literature Zone
Monday, July 6, 2009
Saturday, June 13, 2009
သံသရာဘူတာ၌ ဆိုက်ကပ်နီခြင်း

သံသရာဘူတာ၌ ဆိုက်ကပ်နီခြင်း
တန်ဖိုးဟိရေ သစ်ပင်ထက်က
သုညတစ်လုံးကြွီကျလားရေ……
ဆွဲငင်အားတိဆိတ်သုဉ်းရေခါ
သံယောဇိုင်နန့် ချိုင်ထားလို့ မရလိုက်ဗျာလ်…
အစုန်အဆန်လားနီကတ်တေ
ဒုံနာလမ်းထက်ကခြီရာတိ
နာကြင်မှုဝေဒနာတိကို ရောင်းဝယ်ဖောက်ကား
ရလာရေ အမြတ်က
ဒုက္ခအပြည့်နန့် နိန့်ရက်ချေတိ….
ဆိုက်ဘာဟိုက်ဝေးလမ်းမထက်မှာ
လက်နှိပ်စက်အိမ်မက်နန့်
မွီးရာပါအားနည်းချက်ကို
အရောင်တင်နီကတ်တေခါ
ကိုယ်လွတ်ရုန်းတတ်သူရို့ ညဇာ
တထပ်စာရိက္ခာနန့်
သံသရာဘူတာမှာ
ကြည့်ပြီးသား ဗီဒီယိုကားကို
ထိုင်ကြည့်နီရယင့်…။ ။ ။
နီသစ်ခိုင်
Thursday, June 11, 2009
ခရီးသစ်
ရှုပ်နီခြင်းကို
ရှင်းတတ်ခြင်းက
လူဖြစ်ခြင်း၏အနှစ်သာရ
ကျယှုံးနီခြင်းကို
အောင်မြင်အောင်လုပ်နိုင်ခြင်းက
လူ့ဘ၀တန်ဖိုး
မဟိခခြင်းကို
ဟိလာအောင်လုပ်တတ်ခြင်းက
လူပီသရေ မာန
လက်ဟိလိုအပ်ချက်ကို
ဖြည့်ပီးတတ်ခြင်းက
လက်တွိကျရေ ၀ါဒ
မျှော်လင့်ချက်နန့် ရှိကိုတက်
ယုံကြည်ချက်နန့် လက်ချင်းဆက်
အိမ်မက်ကိုထုဆစ်
ခရီးသစ်မှာ
အနာဂတ်ဟိရေ…။ ။ ။
ဝံလက်ဖြူ
၁၁၊၀၆၊၂၀၀၉
ရှင်းတတ်ခြင်းက
လူဖြစ်ခြင်း၏အနှစ်သာရ
ကျယှုံးနီခြင်းကို
အောင်မြင်အောင်လုပ်နိုင်ခြင်းက
လူ့ဘ၀တန်ဖိုး
မဟိခခြင်းကို
ဟိလာအောင်လုပ်တတ်ခြင်းက
လူပီသရေ မာန
လက်ဟိလိုအပ်ချက်ကို
ဖြည့်ပီးတတ်ခြင်းက
လက်တွိကျရေ ၀ါဒ
မျှော်လင့်ချက်နန့် ရှိကိုတက်
ယုံကြည်ချက်နန့် လက်ချင်းဆက်
အိမ်မက်ကိုထုဆစ်
ခရီးသစ်မှာ
အနာဂတ်ဟိရေ…။ ။ ။
ဝံလက်ဖြူ
၁၁၊၀၆၊၂၀၀၉
Wednesday, June 10, 2009
ထာဝရလန်းရေ ပန်း
တပေါင်းလီရူးနန့်
ၾကြီက်လားရေရ
ရွက်ဟောင်းချေတိ
မြီပြင်မှာ
သင်္ခါရတေးခြင်းကို ဆိုလို့
အတိတ်ဒဏ်ရာတိကို ရင်ဖွင့်
ဖူးဖွင့်လာဖို့
ရွက်နုသစ်ချေတိအတွက်
ပင်ခြီရင်းမှာ
မြီသြဇာဖြစ်ပနာ
လောကသစ္စာကို
ထုဆစ်ပြနီရေ…၊
ကာလတခုနိဂုံး
ကာလတခုအစ
ပြက္ခဒိန်ကတောင်း
အလှည့်အပြောင်း
သွီးသစ်တိလောင်း
နွီမိုးဆောင်း
ရာသီတိဟောင်းပတ်စီ
ခရီးတခုအတွက်
အချိန်စွာ အဖော်မွန်ကောင်းရာ…၊
ကန္တာရအိမ်မက်ဆိုးနန့်
ဥာဥ့်အမှောင်ကိုဖြတ်ဝံ့သူရို့အတွက်
မိုးထဖရောင်နီစွာ ဆုလဒ်
တန်ဖိုးမဖြတ်နိုင်ရေ ဂုဏ်ဒြပ်
ပီးဆပ်ခြင်း၏ရလဒ်
ဒုက္ခအထပ်ထပ်ကြားက ပွင့်ရေပန်း
ထာဝရလန်းတတ်တေ…။ ။ ။
ဝံလက်ညို
၁၀၊၀၆၊၂၀၀၉
ၾကြီက်လားရေရ
ရွက်ဟောင်းချေတိ
မြီပြင်မှာ
သင်္ခါရတေးခြင်းကို ဆိုလို့
အတိတ်ဒဏ်ရာတိကို ရင်ဖွင့်
ဖူးဖွင့်လာဖို့
ရွက်နုသစ်ချေတိအတွက်
ပင်ခြီရင်းမှာ
မြီသြဇာဖြစ်ပနာ
လောကသစ္စာကို
ထုဆစ်ပြနီရေ…၊
ကာလတခုနိဂုံး
ကာလတခုအစ
ပြက္ခဒိန်ကတောင်း
အလှည့်အပြောင်း
သွီးသစ်တိလောင်း
နွီမိုးဆောင်း
ရာသီတိဟောင်းပတ်စီ
ခရီးတခုအတွက်
အချိန်စွာ အဖော်မွန်ကောင်းရာ…၊
ကန္တာရအိမ်မက်ဆိုးနန့်
ဥာဥ့်အမှောင်ကိုဖြတ်ဝံ့သူရို့အတွက်
မိုးထဖရောင်နီစွာ ဆုလဒ်
တန်ဖိုးမဖြတ်နိုင်ရေ ဂုဏ်ဒြပ်
ပီးဆပ်ခြင်း၏ရလဒ်
ဒုက္ခအထပ်ထပ်ကြားက ပွင့်ရေပန်း
ထာဝရလန်းတတ်တေ…။ ။ ။
ဝံလက်ညို
၁၀၊၀၆၊၂၀၀၉
Wednesday, May 27, 2009
“စာပီလက်”

“စာပီလက်”
စိမ်းဖတ်ရင်ဖတ်အိမ်မက်တိ
၂၁ ရာစု ရောင်စုံဥာဥ့်မှာ
ကြွီကျနီရယင့်…၊
မျက်ရီတိ စီးနီရေ မြစ်
သွီးနန့် ထုဆစ်ထားရေ လယ်ကွင်းတိ
ပဋိပက္ခလီပြင်းတိုက်နီရေ
ဒေ ပဂျီကားချပ်ကို
သမိုင်းနန့် ဆွဲထားရရေ…၊
မခင်းရသိမ့်ရေလမ်း
မလားရသိမ့်ရေ ခြီလှမ်း
ပန်းတိုင်စခန်းကို မှန်းပနာ
နီဝင်ညဇာ
ဘ၀တိ တို တိုပါလတ်ဗျာယ်….၊
ရင်ဖတ်အထူအပါး
ခံစားတတ်မှရာ နားလည်
စကားလုံးအတိမ်အနက်
စာမျက်နှာမှာ သက်သီပြ
မျှော်လင့်ချက်ကို အရောင်တင်
စာပီပလ္လင်မှာ
အနာဂတ်ကိုပုံဖော်ဖို့
ငါရို့ လက်တိ
ငါရို့ လက်တိ
တာဝန်အသိနန့်
ယုံကြည်လားကတ်မေ…။ ။ ။
ဝံလက်ဖြူ
၂၇၊၀၅၊၂၀၀၉
Sunday, May 24, 2009
“ရခိုင္ဘေလာ့ဂ္ဂါရုိ ့ တာ၀န္က ဇာခ်င့္လဲ”
ခိုင်အောင်အောင်
၂၁ ရာစု အိုင်တီခေတ်မှာ အသစ်ပေါ်လာရေ ဘလော့ဂ်ယိုင်ကျေးမှုကို ဒေနိန့်ကာလမှာဟိရေ ကွန်ပျူတာနန့် အသက်ဆက်နိန်ကတ်တေ မျိုးဆက်နန့် လူတိုင်းက ကြားဖူးနားဝဟိပနာ သဘောပေါက်နားလည်ထားကတ်ပြီးသားလို့ ယုံကြည်ပါယင့်။ ဘလော့ဂ်စွာ လူတယောက်၏ကိုယ်ပိုင်နယ်ပယ် ပုဂ္ဂိုလိကစာမျက်နှာ ခံစားချက် ထင်မြင်ယူဆချက်တိကို ဖွင့်အန်ချပြရေ နီရာသစ်တခု တသီးပုဂ္ဂလဒိုင်ယာရီမှတ်တမ်းချေ ဆိုစွာ အပိုပြောစရာလိုလီဖို့ မထင်ပါ။ ယင်းအတွက်နန့် ဘလော့ဂ်စာမျက်နှာတိစွာ လွတ်လပ်တေ စူးရှရေ။ ရွီးရေလူကိုမှီတည်လို့ ရွီးလိုက်တေ အကြောင်းအရာတိက ဆန်းသစ်တောက်ပရေ။ ကမ္ဘာ့သတင်းကွန်ယှက်ကြီးတိနန့်ပါ ဆက်ထားရေအတွက် ကမ္ဘာ့ရွာအနှံကို ပျံနှံ့ လွယ်ရေ။ ကိုယ်လိုချင်ရေ ပုံစံကို တပြားလေ့အကုန်အကျခံစရာမလိုပဲ ဖန်တီးပုံဖော်နိုင်လို့ ဘလော့ဂ်ဂါလောကကြီးက ဇကုန်တိုးတက်ကျယ်ပြန့်ပါလတ်တေ။
ယကေလေ့ အဂုကာလမှာ ရခိုင်ဘလော့ဂ်တိက ရာဂဏာန်းလောက်တောင် မပြည့်သိမ့်လို့ ပြောကတ်ရပါဖို့။ ရခိုင်သားလူဦးရေနည်းရေပိုင် စီးပွါးရေး နိုင်ငံရေး လူမှုရေးအရ ဘက်ပေါင်းစုံက ဖိနှိပ်ခံနိန်ရရေ ဆိုးကျိုးတိကြောင့် ပညာရေးဆိုင်ရာ နောက်ကျမှု နည်းပညာပိုင်းဆိုင်ရာနောက်ကျမှု အတွေးအခေါ်ပိုင်းဆိုင်ရာနောက်ကျမှု စူးစမ်းဖန်တီးချင်ပြီးကေ အသစ်အဆန်းကိုရှာချင်ရေစိတ်တိအားပီးမခံရမှု စရေ အားနည်းချက်တိက ဒေါင့်ပေါင်းစုံက အဟန့်အတားတိလုပ်နိန်လို့ အေပိုင်ကြန့်ကြာနှောင့်နှေး မဖွံ့ဖြိုးရခြင်းဖြစ်တေလို့ သုံးသပ်ကတ်ရဖို့ ထင်ပါရေ။ အယင်ထက်စာကေ တဖြည်းဖြည်းနန့်များပါလတ်တေ ရခိုင်ဘလော့ဂ်တိကို တွိလာနိန်ရခြင်းက တိုးတက်ခြင်းလမ်းစလို့ရာ ဖြေသိမ့်ကျေနပ်ကတ်ရပါဖို့။ အကြောင်းအရာတိ ရွီးသားဖော်ပြမှု ကိုယ်ပိုင်စံ ကိုယ်ပိုင်ဟန်နန့် ထူးခြားရေ အသွင်သဏ္ဍာန်တိ ပေါ်လွင်ရေ အရောင်စုံဘလော့ဂ်တိ ရှားနီသိမ့်ကေလေ့ လားကြည့်ဖတ်ကြည့်လို့ကောင်းရေ ရခိုင်ဘလော့ဂ်တိ ပေါ်လာခြင်းက ရခိုင်တိမညံ့ကြောင်းကို ဖော်ထုတ်ပြသနိန်ခြင်းပင် ဖြစ်ပါရေ။
လက်ဟိရခိုင်လူ့အဖွဲ့ အစည်းမှာ ဖြစ်ပျက်နိန်ရေ အကြောင်းအရာတိ ကမ္ဘာ့လူ့ဘောင်ထဲက သတင်းအချက်အလက် ဗဟုသုတတိ ပညာရပ်ပိုင်းဆိုင်ရာ စာအုပ်စာတမ်းတိ အနုပညာဖျော်ဖြေရေးရုပ်သံဗီဒီယိုဂီတတေးခြင်းတိ အစဟိစွာတိအားလုံးကို ဖလှယ်နိုင်ရေ မျှဝီခံစားနိုင်ရေ အလုပ်တိကို လုပ်ကိုင်ဆောင်ရွက်ပီးနိန်ရေ ဘလော့ဂ်ဂါတိ အကျိုးကျေးဇူးက ကြီးမားရေလို့ ပြောရပါဖို့။ ရခိုင်ရို့ ခေတ်သစ်စာပီ ဖွံ့ ဖြိုးတိုးတက်လာရေးကိုပါ တဖက်တလမ်းက ထမ်းဆောင်ပီးနိန်လို့ ရခိုင်ဘလော့ဂ်ဂါရို့ တာဝန်က ပိုလို့ကြီးပါလတ်ပါရေ။ ယကေလေ့ ဇာနီရာပင်မဆို အကန့်အသတ်အတားအဆီးက ဟိနီတတ်လို့ ဘလော့ဂ်ဂါတိလုပ်နိုင်ရေ လက်တံကလေ့ သူ့ စည်းနန့် သူ ဟိနိန်ပါရေ။
ဥပမာပီးရဖို့ဆိုကေ ဘလော့ဂ်စာမျက်နှာထက်မှာ တရားစီရင်လို့မရနိုင်ပါ။ ကျွန်တော့်ဘလော့ဂ်ကို လာဖတ်တေ အာဂန္တုတယောက်ကဆိုကေ ရခိုင်ဘလော့ဂ်ဂါတိပေါင်းပနာ ရခိုင်အမျိုးသားနိနန့် ရခိုင်အောင်လံတော် အကြောင်းတိကိုပါ ဆွေးနွေးဆုံးဖြတ်ကတ်ဖို့ ပြောလာပြန်ရေ။ အလွတ်သဘော ပို့စ်တင်ပနာ ကိုယ့်သဘောထားဆန္ဒကိုထုတ်ဖော်ပြလို့ ရကေလေ့ တမျိုးသားလုံးနန့်ဆိုင်ရေ ကိစ္စကို ဘလော့ဂ်စာမျက်နှာထက်မှာ ဆုံးဖြတ်ချက်ချဖို့ ဆိုစွာက ဖြစ်နိုင်ဖို့မဟုတ်ပါ။ အေချင့်စွာ လူထုလူတန်းစားအားလုံးကို ကိုယ်စားပြုရေ နိုင်ငံရေးပါတီအဖွဲ့ အစည်းတိနန့် တိုက်ရိုက်သက်ဆိုင်နီရေ နိုင်ငံရေးကိစ္စဖြစ်တေပိုင် ရခိုင်လူထုညီလာခံခေါ်ပနာ အတည်ပြုပြဌါန်းကတ်ရဖို့ အပိုင်းရာဖြစ်ပါရေ။ ၀မ်းနည်းဖို့ ကောင်းစွာတခုက ရခိုင်နိုင်ငံရေး တော်လှန်ရေးပါတီ အဖွဲ့အစည်းတိရေ ၂၁ ရာစု လူထုမီဒီယာနန့်  အလှမ်းဝီးနီစွာကို မြင်တွိနီကတ်ရရေ။ ပါတီအဖွဲ့အစည်းတိ တည်ထောင်ပါလတ်စွာ နှစ်ကာလတိကြာလာကေလေ့ လူထုဆက်ဆံစည်းရုံးရေးနန့် သတင်းအချက်အလက်ဖြန့်  ၀ီရေးအပိုင်းမှာ အားနည်းနီစွာကို တွိကတ်ရရေ။ တချို့ ပါတီအဖွဲ့အစည်းတိဆိုကေ ကိုယ်ပိုင်ဝက်ဆိုဒ်ချေတခုတောင် လွှင့်တင်မထားနိုင်ကတ်စွာကို တွိရလို့ စိတ်မကောင်းဖြစ်မိရေ။
ကျိန်းသီနီစွာတခုက ဘီလူးစည်း လူ့စည်းဆိုရေ စကားပိုင် သူ့ တာဝန်နန့် သူ လုပ်ကတ်လားကတ်ရပါဖို့။ ဘလော့ဂ်ဂါတယောက်စွာ နိုင်ငံရေးပါတီတိ၏၀ါဒဖြန့်ချီရေးအပိုင်းကို တာဝန်ယူပနာ လုပ်ပီးချင်မှလေ့ လုပ်ပီးနိုင်ပါဖို့။ စာဖတ်တေလူတိ နားမျက်စိပွင့်ဖို့ နိုင်ငံရေးအကြောင်းအရာတိကို ဘလော့ဂ်စာမျက်နှာထက်မှာ ရွီးနီကေလေ့ နိုင်ငံရေးပါတီအဖွဲ့ အစည်းတိနန့် ဆက်စပ်မှုမဟိ အဖွဲ့ဝင်မဟုတ်ကေ နိုင်ငံရေးအလုပ်တိကို လုပ်ရဖို့လို့ လာပြောလို့ ရနိုင်ဖို့ မဟုတ်ပါ။ တာဝန်ကို ခွဲခြားသိမြင်တတ်မှုရေ လူ့အဖွဲ့အစည်းအတွက် အရေးကြီးရေ ကျင့်ဝတ်တခုပင် ဖြစ်တေလို့ ယူဆမိလိုက်ပါယင့်။ ။ ။
ခိုင်အောင်အောင်
၂၄၊၀၅၊၂၀၀၉

Saturday, May 23, 2009
“စကားလုံးနိုင်ငံရေးနန့် ဗမာစစ်အုပ်စုပရိယာယ်”
ခိုင်အောင်အောင်
”အတွေးအခေါ်တိဆိတ်သုဉ်းလားကေ စကားလုံးတိရာ အဖတ်တင်ကျန်လိုက်တေ” ဆိုရေ ဥရောပစကားပုံချေတခုပိုင် အိုင်ဒီယာအကျပ်အတည်းကို အဖြေရှာဖို့မစိုင်းစားပဲ အိမ်ခေါင်မိုးပေါက်နိန်စွာကို ကြမ်းလားဖါနိန်ကတ်တေ လူတိကြား မှာ အမြတ်ထွက်နိန်စွာက ဗမာစစ်အုပ်စုလို့ရာ ပြောကတ်ရဖို့ထင်ယင့်။
ရာသီပေါ်နိုင်ငံရေးလှိုင်းထက်မှာ တခုခုဖြစ်စွာနန့် ပုရွက်စိတ်ချေတိတွင်းကထွက်တေပိုင် မိုးဦးကျဖားပြုတ်ကေတိ ဖဲသာမပီးရတိုင်းအော်ကတ်တေပိုင် ဖတ်လို့မကုန်နိုင်ရေစတိတ်မန့်တိ ကြားလို့ မဆုံးနိုင်ရေအသံတိ ရွီးလိုက်ကတ်တေ သတင်းတိ လုပ်လိုက်ကတ်တေ ဆန္ဒပြပွဲတိ ထိုနိုင်ငံဒေနိုင်ငံက ဂေါင်းဆောင်တိ ထိုအဖွဲ့ဒေအဖွဲ့က အတွင်းရေးမှူး ဥက္ကဌတိ နိုင်ငံတကာဆက်ဆံရေးဒီပလိုမေစီစာအုပ်ကြီးတိကို မျိုချထားကတ်တေ သံတမန်ကြီးတိ ကိုယ်စားလှယ် တော်တိ လားကတ်လာကတ် ပြောကတ်ဆိုကတ် ငြင်းကတ်ခုန်ကတ် တောင်းဆိုကတ်ကန့် ကွက်ကတ် ဝေဖန်ကတ် အပြစ်တင်ကတ် အဆုံးသတ်နိဂုံးမှာ ဗမာစစ်ဂေါင်းဆောင်သန်းရွှေဆင်ထားရေ ထောင်ချောက်ကြီးထဲမှာ လက်ကားရား ခြီကားရား ပြောနိန်ကျစကားတိနန့် ခေါက်ရိုးကျိုးနိန်ရေ တိုက်တွန်းသုံးသပ်မှုတိကိုကိုင်ပနာ ဖြေသိမ့်ကျေနပ် အဆုံး အဖြတ်ရလဒ်က အယင်အတိုင်းလားနိန်လီဖို့စွာပါရာ။တွိဆုံဆွေးနွေးစေ့စပ်ညှိနှိုင်းအဖြေရှာကတ်။
သူမနာကိုယ်မနာဝါဒ ကိုကျင့်သုံးကတ်။ ယကေအားလုံးစာရင်းအင်းသိမ်းလို့အိမ်ပြန်ဖို့ကြည့်လိုက်တေခါ
ဗမာတိလက်ထဲမှာ နိုင်ငံရေးအာဏာ ကျန်ရေလူတိက ကျွန်ဘ၀နန့် ကုန်းရီတိစုတ်လို့။ ကောင်းကတ်သိမ့်ယင့်လား။
တချက်ချေလောက် ကြည့်ကတ်ပါဖိ။
လွန်ခရေ ဆယ်နှစ်ကျော်လောက်ကဆိုကေ ဒေပိုင်အချိန်တိစွာ နိုင်ငံရေးယစ်လို့ အကောင်းဆုံးအချိန်။ တောင်မသိ မြောက်မသိပန်းတိုင်မဟိကေလေ့လားလို့ကောင်းခရေ။အော်လို့ခြီခရေ။ပဇ(ပါးစပ်)က
အမြှပ်ထွက်အောင်ဖယ်ဒရယ်နန့်  လွတ်လပ်ရေးကိုငြင်း၊တပြားလေ့မရကေလေ့တလုံးလေ့မတတ်ကေလေ့သွီးနထင်
ရောက်ပနာနိုင်ငံရေးဘိုးတော်ယောင်
ယောင်တော်လှန်ရေးဂုရုယောင်ယောင် အေနိန့်လားတိုက်ကေ အေနိန့်ရခိုင်ပြည်ကိုပြန်ရဖို့စွာပိုင် စိတ်ကူးယိုင်အိမ်မက်
တိနန့်ရူးခဖူးရေ။ နိုင်ငံရေးအယစ်ပြေလို့ နိုးပါလတ်တေခါ ဂေါင်းကိုက်တေဝေဒနာက သံပုရာသီးလေ့ မကယ်နိုင် လှော်စာသောက်ကေလေ့မပျောက်။ နောက်ကုန်းကို တုတ်ကျခါမှ သိရေ။ အော် ငါရို့  ရခိုင်သားတိမှာ လက်နန့်  ဖ၀ါး ရာ ဟိရေ။
ဝမဟိပဲ ၀ိလုပ်ဖို့  ကြိုးစားဖူးခရေ အချိန်တိ နှမြောဖို့ ကောင်းလိုက်တေပင်။ လွတ်တေငါးအကြီးသန် လတ်။ အဂုလေ့ ကုန်လားခရေ အချိန်တိစွာ ဂေါ်ဇီလာလောက်ဟိဖို့လို့ထင်မိယင့်။
လူ့ဘ၀စွာ တိုရေ လတ်။ ဇာလောက်တိုလေလို့ မိန်းကေ အဖြေတိထွက်ကျလာဖို့မထင်။ တိုရေလို့ ရာ မှတ်ထားလိုက် ကတ်မေဖိ။ မငြင်းချင်ဗျာယ်။ ယကေလေ့ အေချင့်နန့် ဆန့်ကျင်ဖက် ရခိုင်ရို့  ရက္ခိတရို့  မဟာအာရိယန်ရို့  ဗမာကျွန် ဖြစ်နိန်ကတ်ရရေ ဘ၀က ရှည်ရေလို့ ပြောကေလွန်လားလီဖို့ လားချင့်။ ဇာလောက်ထိ ရှည်ဖို့ သိမ့်လေး ဆိုစွာကို ရခိုင် သားတိအားလုံးရာတိုင်းကြည့်ကတ်လီပါဖိ။ မရှည်ချင်ကေတော့ခါ အားလုံးသူဆုံးဖြတ်ပနာ အဆုံးသတ်လီကတ်ပါဖိ။
ယကေဒေစာစုချေ ဂေါင်းစိုဉ်မှာပါရေအတိုင်း ဗမာစစ်အုပ်စုပရိယာယ်ကို ခြီရာခံကြည့်ရဖို့ဆိုကေ ဒေသူရို့ စစ်စနစ် ကို ဇာဝါဒအတွေးအခေါ်နန့် နိုင်ငံရေးယုံကြည်ချက်မှာ အခြီခံပနာ တည်ဆောက်ထားပြီးကေ ဒေနိန့်ကာလထိ ဇာဖြစ်လို့ ခြီတလှမ်းချေ မပျက်အောင်လားနိုင်ကတ်လေ ဆိုစွာကို အယင်ဆုံးဆန်းစစ်ကြည့်ကတ်ရဖို့ထင်ယင့်။
ကမ္ဘာသမိုင်းနန့်ချီပနာ ပြောရဖို့ ဆိုကေ ဒုတိယကမ္ဘာစစ်မှာ လူဦးရေပေါင်း ၅၅ သန်း သီဆုံးလားခရခြင်း၏ အဓိက စစ်ရာဇ၀တ်ကောင်တိနန့်တရားခံတိဖြစ်တေ ဟစ်တလာဦးဆောင်ခရေဂျာမန်နာဇီဝါဒ၊ မူဆိုလီနီဦးဆောင်ခရေ အီတလီ ဖက်ဆစ်နန့်ဂျပန်ပဒေသရာဇ်တိဦးဆောင်ခရေဂျပန်ဖက်ဆစ်ဝါဒတိ
အားလုံးစွာအမျိုးသားရေးအစွန်းရောက်ဝါဒနန့် နိုင်ငံ ရေးယုံကြည်ချက်မှာ သန္ဓေတည်ပနာ မွီးဖွါးလာကတ်ခြင်းပင်ဖြစ်တေ။အဂုခေတ်နအဖဗမာပဒေသရာဇ်စစ်စနစ်လည်း ဗမာအမျိုးသားရေးအစွန်းရောက်ဝါဒနန့် နိုင်ငံရေးခံယူချက်ဖြစ်တေ ဗမာအမျိုးသားနိုင်ငံထူထောင်ရေးနန့် နိုင်ငံရေး အာဏာကို ဗမာတိကရာထိန်းချူပ်ထားနိုင်ရေး ဥခွံထဲက ပေါက်ဖွါးရှင်သန်လာခြင်းပင် ဖြစ်တေ။ ဒေပိုင် အမျိုးသားရေး အစွန်းရောက်မှိုင်းနန့်အဆိပ်တိမိနိန်ရေ ဗမာစစ်အုပ်စုကို နာဇီဖက်ဆစ်ဝါဒအတွေးအခေါ်တိ နိဂုံးချူပ်လားကတ်တေပိုင် မလုပ်နိုင်ရေ ကာလပတ်လုံး တခြားတခုချဉ်းကပ်နည်းနန့်လေ့ ဒေနိန့်ကာလဖြစ်နိန်ရေ နိုင်ငံရေးပြဿနာကို အဖြေရှာ လို့ ရနိုင်လ်ီဖို့ မဟုတ်ပါ။
၁၉၅၉ ခုနှစ် ဂျူလိုင်လမှာ ပုံနှိပ်ဖော်ပြခရေ နိုင်ငံရေးဆိုင်ရာ ပညာသျှင်စာတမ်းတစောင်မှာ ဆောင်းပါးသျှင် ဂျိုးဆဖ်ဆေလဗာစတိုင်း (Josef Silverstine) က ဗမာအမျိုးသားရေးဝါဒရေ ၁၉၃၀ ကာလမှာ ”ဒို့ဗမာ အစည်းအရုံး” ကိုထူထောင်ပြီးကေ “ဗမာစာသည် ဒို့စာ ဗမာစကားသည် ဒို့စကား” ဆိုရေ ဆောင်ပုဒ်နန့် စတင်လှုပ်ရှား အသက်ဝင် ပါလတ်တေ လို့ ရွီးထားစွာကို ဖတ်ရရေ။ ဒေ အစည်းအရုံးက ဗမာတက္ကသိုလ် ကျောင်းသား လူငယ်တိကို စည်းရုံး သိမ်းသွင်းနိုင်ပနာ ဗမာတိနိုင်ငံရေးအချူပ်အချာအာဏာပိုင်ဆိုင်ရေးနန့် ဗမာမှုပြုရေးပေါ်လစီ (Burmanization Policy) ကိုပါ ကျင့်သုံးပါလတ်ကတ်တေ။ ဗမာအမျိုးသားနိုင်ငံရေးလမ်းကြောင်းကို ဖောင်ဒေးရှန်း ချပနာ တဖဲ့ချေလေ့ အစောင်းမခံပဲ ပါလတ်စွာ နောက်ဆုံးဗမာစစ်တပ်ကို ထူထောင်ရေ အဆင့်ကိုရောက်လို့ ပါလတ်တေ။ စစ်ကြိုခေတ် ကာလက ရန်ကုန်တက္ကသိုလ်မှာ သမိုင်းပါမောက္ခလုပ်ခရေ ဂေါ်ဒွန် အိတ်ခ်ျ လူးစ် ( Gordon H Luce) က “ဒို့ဗမာ အစည်းအရုံးဝင် သခင်တိဦးဆောင်ပါဝင်ရေ ရဲဘော်သုံးကျိပ်က စတုတ္ထဗမာနိုင်ငံတော်ကို ထူထောင်နိုင်ခရေ လို့ ကောက်ချက်ချခစွာကို ဖတ်ရရေ။ အင်္ဂလိပ်မအုပ်ချူပ်ခင်ကာလက နိုင်ငံရေးအရ တခုပိုင်လေ့ ဆက်စပ်မှု မဟိပဲ တသီးတခြားစီ နိန်ခကတ်တေတိုင်းပြည်နိုင်ငံတိစွာ အင်္ဂလိပ်ကိုလိုနီစနစ်အောက်မှာနယ်မြေတခုတည်းဖြစ်လာလတ်ပြီး ကေ လွတ်လပ်ရေးရရေခါ ဗမာတိ၏နိုင်ငံရေးအရ လိမ်မာပါးနပ်မှုနန့် ဗမာအမျိုးသားရေးဝါဒကို တစိုက်မတ်မတ် ဆုပ်ကိုင်ထားနိုင်ခလို့ အေနိန့်ကာလ မြန်မာနိုင်ငံ ဆိုရေ ဧရိယာအကျယ်အ၀န်းကို ထိန်းချူပ်ထားနိုင်ခြင်းဖြစ်တေလို့ သုံးသပ်ရပါဖို့။
ယင်းအတွက်နန့် အဂုကာလစွာ စတုတ္ထဗမာနိုင်ငံတော်ကို နအဖစစ်အုပ်စုက ဦးဆောင်ပနာ ခရီးနှင်နိန်ကတ်တေ အချိန်လို့ သတ်မှတ်ကတ်ရဖို့ ထင်ယင့်။ အေနိန်ရာမှာ ထူးခြားနိန်စွာတခုက “အမျိုးသား” ဆိုရေ စကားလုံးပင် ဖြစ်ပါရေ။ နိုင်ငံရေးသိပ္ပံအဘိဓါန်မှာ အမျိုးသား ဆိုရေ စကားလုံးစွာ လူမျိုးတမျိုးတည်းကိုရာကိုယ်စားပြုကြောင်း အဓိပ္ပါယ်ဖွင့်ဆိုထားရေ။ န၀တဗမာစစ်အုပ်စု အာဏာသိမ်းပြီးကေ ထုတ်ပြန်ကျေညာထားရေ ယင်းသူရို့ မူဝါဒ နိုင်ငံရေး
ဦးတည်ချက်(၄)ရပ်မှာ ဒုတိယစာကြောင်းက “အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး” ပင်ဖြစ်ပါရေ။ ယကေဒေနိန့်  ကာလ အတိုက်အခံပါတီတခုဖြစ်တေအမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်က တောင်းဆိုနိန်ရေ “အမျိုးသားရင်ကြားစေ့ရေး” စွာလည်းအထက်က
ပြောခရေဗမာစစ်အုပ်စုနိုင်ငံရေးမူဝါဒနန့်တထပ်တည်းကျနိန်စွာကိုတွိရရေ။နောက်ပြီး
ကေ ဒေအမျိုး သားဒီမိုကရေစီအဖွဲ့ ချူပ်မှာ ပါရေ စကားလုံး “အမျိုးသား” စွာ ဗမာလူမျိုးတမျိုးတည်းကိုရာ ကိုယ်စားပြုနိန်ရေ ပြော ကတ်ရဖို့ ထင်ရေ။ အမျိုးသားများ (Nationalities) နိန်ထိုင်ရေ ဗဟုလူ့ ဘောင်တိုင်းပြည်ကြီး၏နိုင်ငံရေးပဋိပက္ခ ကို ဖြေ
ရှင်းဖို့ တောင်းဆိုတိုက်ပွဲဝင်ကတ်စွာမှာ “အမျိုးသားများရင်ကြားစေ့ရေး” လို့ မူဝါဒ မချခြင်းက ဗမာအမျိုးသားရေးလမ်း
ကြောင်းတခုတည်းကိုရာ ဦးတည်ပြီးကေ လားနိန်ကြောင်း မီးမှောင်းထိုးပြနိန်ရေ။
ကမ္ဘာ့နိုင်ငံရေးသမိုင်းကို လေ့လာမှတ်တမ်းတင်စာတမ်းပြုစုနိန်ကတ်တေ အဖွဲ့ အစည်းကြီးတိက ဗမာစစ်အာဏာ
သျှင်စနစ်စွာ ကမ္ဘာမှာသက်တမ်းအရှည်ဆုံးစစ်အာဏာသျှင်စနစ်လို့ မှတ်တမ်းတင်ထားကတ်တေ။ ၁၉၉၇ ခုနှစ်မှာ ရွီးခရေ “လက်ဟိခေတ်ကာလအခြေအနေကို ဆန့်ကျင်လို့ ဗမာပြည်မှာ အာဏာသျှင်စနစ်သက်ဆိုးရှည်နိန်ခြင်း” (Against the current: The Survival of Authoritarianism in Burma) ဆိုရေ သုတေသနစာတမ်းမှာ ပညာသျှင် ဂျာလာ အလမ်ဂီးယာ (Jalal Alamgir) က ဗမာအမျိုးသားရေးဝါဒ ရေ လက်ဟိဗမာစစ်စနစ်ကို ကျားကန်ပီးနိန်ရေ အဓိက အိုင်ဒီယာတခုဖြစ်ကြောင်းကို ထောက်ပြထားရေ။ ယပြီးကေ သူက “အန်အယ်လ်ဒီ၏ရပ်တည်မှုက န၀တ (အဂုနအဖ) သက်ဆိုးရှည်ဖို့အတွက်အကျိုးဖြစ်ထွန်းနိန်စီရေ၊ တဖဲ့ချေအကျယ်ချဲ့ ပြောရဖို့ဆိုကေ စစ်အုပ်စုက စုကြည်၏နိုင်ငံရေးကို ကြိုတင်ခန့်မှန်းထားနိုင်ရေ” (The stance of NLD has been beneficial to SLORC’s survival, at least to the extent that Suu Kyi’s politics are predictable to the junta.) လို့ ဝေဖန်ထားစွာကို ဖတ်ရရေ။ အန်အယ်လ်ဒီ စီအီးစီထဲမှာ ဗမာအမျိုးသားရေးဝါဒကို ဆုပ်ကိုင်ထားရေ နအဖအလံရှူး ဖျက်မြင်းတိကို ထည့်ထားပနာ နိုင်ငံရေးကဇတ်ပါလတ် ကတ်စွာ အဂုဆိုကေ ဆယ်စုနှစ် နှစ်စုကိုကျော်လွန်ပါလတ်လို့ အချိန်သစ်ကာလကိုရောက်လာနိန်ကြောင်းကို အားလုံး သူရို့ မျက်မြင်ကိုယ်တွိလို့  ဆိုကတ်ရပါဖို့။
အဂုလေ့ ပြောလို့ ဆိုလို့ ခံစားလို့ကောင်းရေ ဒရမ်မာနိုင်ငံရေး (Drama Politics) ပြကွက်တိက လူတိစိတ်ကို ဖမ်းစားထားရေလို့ပြောရဖို့ထင်ယင့်။ ယကေလေ့ အပြောင်းအလဲကတော့ တခုထောင့်ကြားကလေ့ ထွက်ကျလာဖို့ မဟုတ်။ ကြိုပနာစီစိုင်ထားရေအတိုင်း ၂၀၁၀ မှာ ရွီးကောက်ပွဲကျင်းပလို့ ဗမာနည်းဗမာဟန် မကျက်တကျက် ဒီမိုကရေစီနန့် စတုတ္ထဗမာနိုင်ငံတော်ကြီးကို ခြီလှမ်းမပျက်လားကတ်ဖို့ စွာက တန်းလို့ မြင်နိန်ရရေ။ ၂၀၀၈ ခုနှစ် ဖွဲ့  စည်းအုပ်ပုံ အခြေခံဥပဒေမှာ ပြဌါန်းထားရေပိုင်စစ်ရေးအမြင်ဟိရေ ဗမာစစ်သားက သမ္မတဖြစ်လာပနာ(၅)နှစ် သက်တမ်း (၂) ကြိမ် အုပ်ချူပ်လားကေ ဒီမိုကရေစီနှမ်းဖြူးထားရေ ဗမာအမျိုးသားရေးစစ်ဝါဒက ၂၀၂၀ ထိ ဇိမ်ခံပနာ လားနိန်လီဖို့စွာက ဗေဒင်မိန်းစရာမလိုပါ။ဒေပိုင်ဗမာစစ်အုပ်စုဇိမ်ခံနိုင်ဖို့အတွက် ရုပ်ဝတ္ထုရင်းမြစ်ပိုင်းဆိုင်ရာ ဖဲသာတိကို ရခိုင်ပြည်က ထောက်ပံ့ပီးနိန်ရေ။ နအဖစစ်ယန္တရားလည်ပတ်ဖို့ လိုအပ်တေ ဖဲသာကို ရခိုင်ပြည်ကထွက်တေ ရခိုင်သားတိပိုင်ရေ သဘာဝဓါတ်ငွေ့ က ကျောထောက်နောက်ခံလုပ်ပီးထားရေ။
ယကေ အမောင်ရခိုင်သားဝံလက်ရို့ မှာ ဗျရာကျန်ရေ။ ဟုတ်ဖို့ လားနင်းခံခီကေ တဘော်စီလျော့လားရေ။ အိတ်ပေါက် နန့်ဖားကောက်တေပိုင် လမ်းလျှောက်လို့ လမ်းပျောက်နိန်ရရေ။“ရခိုင်သားကိုတိုက်စရာမလိုအချင်းချင်း တိုက်ပြီးကေ ဘ၀ပျက်နိန်လီကတ်ဖို့စွာရာ” လို့ ဗမာစစ်ထောက်လှမ်းရေး ခင်ညွန့် ပြောခပိုင် ရခိုင်သားတိကလေ့ အတိအကျ လိုက်နာကျင့်သုံးကတ်တေ။ ဥာဏ်ကောင်းလိုက်တေပင်။ ယင်းပိုင်နန့် အယင်ပိုင် ပဒေသရာဇ် လက်ကျန် အိမ်မက်နန့် ပွဲမတိုးရေ ရခိုင်သားတိနိုင်ငံရေးက ၂၁ ရာစုမှာ စိန်ခေါ်မှုတိကို ရင်ဆိုင်လာကတ်ရရေ။ ရှိဆက်ပြီးကေ ဇာပိုင်လုပ်လားကတ်ဖို့လဲဆိုရေမိန်းခွန်းကထွက်ကျပါလတ်တေ။
ကျိန်းသီနိန်စွာ တခုက ရာစုနန့်ချီပနာ ဖြစ်ပါလတ်တေ နိုင်ငံရေးရောဂါကို အဂုချက်ချင်းပျောက်အောင် ဥုံဖွလို့မန်း ပနာကူးပစ်လိုက်နိုင်ရေဆီးကြိမ်လုံးတယောက်ဘားမှာလေ့မဟိ။ရေရှည်အမြင်
(Long-term perspective)နန့် ကြိုတင် ပြင်ဆင်တည်ဆောက်လားနိုင်ခြင်းကရာ အနာဂတ်မှာ မျှော်မှန်းထားရေ ရလဒ်ကောင်းကို ရလာနိုင်ဖို့ ယုံကြည်မိယင့်။ နည်းဗျူဟာ မဟာဗျူဟာသစ်နန့် နိုင်ငံရေးသမားအသစ် မျိုးဆက်သစ် သွီးသစ်တိပါ ကွက်လပ်တိဖြည့်ပီးဖို့ လိုအပ်နိန် စွာက ရခိုင်နိုင်ငံရေး၏ လက်ဟိတောင်းဆိုနိန်မှုပင် ဖြစ်ပါရေ။ ။ ။
ခိုင်အောင်အောင်
၂၃၊၀၅၊၂၀၀၉

Subscribe to:
Posts (Atom)